၁။ အထူးသတိပေးချက်များ
၁.၁။ HlwintLive Community သည် ဤသဘောတူညီချက်တွင်ပါဝင်သည့် ထုတ်ပြန်ချက်များ၊ အချိန်အားလျော်စွာ ဆက်လက်ထုတ်ပြန်သွားမည့် အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ စသည်တို့နှင့်အညီ အင်တာနက်၊ဆယ်လူလာ ကွန်ယက် (နောက်ပိုင်းတွင် “Web Services” ဟူ၍ သုံးနှုန်းသွားပါမည်) အားအသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သည့် လူမှုကွန်ယက်/ပုံစံအား (တနည်းအားဖြင့်) “UGC” ဟုခေါ်သော User Generated Content ဖြစ်သည့် အသုံးပြုသူများ တိုက်ရိုက်တင်ကြသော ရေးသားတင်ဆက်မှုများကို စီစဉ်သွားပါမည်။ ဤ “Web Services” များအားရရှိရန် ဝန်ဆောင်မှု အသုံးပြုသူ (နောက်ပိုင်းတွင် “User”ဟူ၍ သုံးနှုန်းသွားပါမည်) သည် စာမျက်နှာပေါ်တွင် ညွှန်းဆိုထားသည့်အတိုင်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အား ပြီးမြောက်အောင်ဆောင်ရွက်ခြင်းနှင့် ဤသဘောတူညီချက်တွင် ပါရှိသော ထုတ်ပြန်ချက်များအားလုံးအား သဘောတူညီမှု ပြုရမည် ဖြစ်ပါသည်။ “Sign Up” အား ကလစ်နှိပ်ခြင်းဖြင့် ဤ သဘောတူညီချက်တွင် ပါရှိသော ထုတ်ပြန်ချက်များအားလုံးအား User မှ အပြည့်အဝ သဘောတူညီသည် ဖြစ်ပါသည်။
Web Services အား ဤသဘောတူညီချက်၏ အောက်တွင် အသုံးပြုရာ၌ User သည်အောက်ပါအချက်များကို ဝန်ခံကတိပြုရန် လိုအပ်ပါသည်။
● (၁)။ လက်ရှိ စည်းကမ်းချက်များအရ User သည် လုံလောက်သော တရားဝင်အသက်အရွယ်အား ရောက်ရှိပြီးသူ ဖြစ်ရပါမည်။ Web Services အား အပြည့်အဝ အသုံးပြုရန် တရားဝင်မှုရှိ၍ သဘောတူညီချက်တွင် ပါဝင်ရန်နှင့် တာဝန်ခံရန်အတွက် ပိတ်ပင်ခံထားရခြင်း မရှိဖို့ လိုအပ်ပါသည်။ (သို့မဟုတ်)
● (၂)။ ဤသဘောတူညီချက်များနှင့် အညီ Web Service အား အသုံးပြုရာ၌ User သည် မိဘများ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်ကို ရရှိပြီး ဖြစ်ရပါမည်။ User သည် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွင်း ဖြည့်သွင်းသည့် သတင်းအချက်အလက်သည် အမြဲ မှန်ကန်သည်၊ စစ်မှန်သည်၊ အသစ်ဖြစ်သည်၊ တိကျသည်ဟု ဝန်ခံရမည်ဖြစ်သည်။
● (၃)။ HlwintLive community သည် ဤသဘောတူညီချက်အား ပြင်ဆင်ဖြည့်စွက်ရန်၊ မွမ်းမံရန် လိုအပ်သည်ဟု စဉ်းစားပါက User အားကြိုတင်၍ အကြောင်းကြားရန်မလိုအပ်ဘဲ ပြုပြင်ဖြည့်စွက်မွမ်းမံခြင်းများအား ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ခွင့် ရှိသည်။
သဘောတူညီချက်အား ပြုပြင်ဖြည့်စွက်မွမ်းမံမည် ဖြစ်ကြောင်း Web Services တွင် ကြေငြာ၍ ၎င်း
အပေါ် User မှ သဘောတူလက်ခံကြောင်းကိုမူ Web Service အား ဆက်လက် အသုံးပြုခြင်းအားဖြင့်လည်း ဆောင်ရွက်နိုင်သည်။ User သည် မွမ်းမံပြီးသော နောက်ဆုံး သဘောတူညီချက်အသစ်အား သိရှိရန် အပြည့်အဝ လိုအပ်သည်ဖြစ်ရာ အောက်ဖော်ပြပါ Link အား ဝင်ရောက်ကြည့်ရှုခြင်းဖြင့်သိရှိနိုင်ပါသည်။
http://hlwintlive.com/terms_of_use/
ဤသဘောတူညီချက်ဆိုင်ရာ ရည်ရွယ်ချက်များ အတွက် HlwintLive community နှင့် User တို့အား ပူးတွဲ၍ “လုပ်ဖော်ကိုင်ဖက်များ” ဟူ၍ ညွှန်းဆိုမည်ဖြစ်ပြီး တစ်ဦးချင်းစီကိုမူ “လုပ်ဖော်ကိုင်ဖက်” ဟူ၍ ညွှန်းဆိုသွားမည်ဖြစ်ပါသည်။
၁.၂။ User မှ အောင်မြင်စွာ မှတ်ပုံတင်ပြီးသည့် အခါ HlwintLive community သည် User တစ်ဦးချင်းစီအား User စာရင်းနာမည် (နောက်ပိုင်းတွင် “ User Account” ဟူ၍ သုံးနှုန်းသွားပါမည်) နှင့် လျှို့ဝှက်ကုဒ်အား ( နောက်ပိုင်းတွင် “Password” ဟူ၍ သုံးနှုန်းသွားပါမည်) ချပေးမည်ဖြစ်ပြီး ဤအချက်အလက်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး User ၌သာတာဝန်အပြည့်အဝ ရှိပါသည်။ User သည် User Account နှင့်ပတ်သက်သည့် ပြုမူဆောင်ရွက်မှု အားလုံးအပေါ်တွင် တရားဝင်တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝ ရှိရမည် ဖြစ်သည်။ User သည် ၎င်း၏ User Account မှတစ်ဆင့် Web Services အား တရားဥပဒေနှင့် မညီသည့် မည်သည့်အသုံးပြုမှုမျိုးကိုမဆိုလည်းကောင်း၊ User သည် HlwintLive Community အား User ၏ အသုံးပြုမှု ပြင်ပရှိ တတိယအဖွဲ့အစည်းများထံမှ ပေါ်ပေါက်လာသည့် မည်သို့သော တရားစွဲဆိုမှုနှင့် နစ်နာကြေးတောင်းဆိုမှုမျိုးကိုမဆို ကင်းဝေးစေရန်အတွက်လည်းကောင်း အာမခံ ထိန်းသိမ်းရမည်ဖြစ်သည်။
၂။ Web Service စာမူများ
၂.၁။ Web Service ၏ မူရင်း စာမူများ (နောက်ပိုင်းတွင် “Content” ဟူ၍ သုံးနှုန်းသွားပါမည်) အား HlwintLive Community သည် တိုက်ရိုက်ဗွီဒီယိုထုတ်လွှင့်ခြင်း၊ တောင်းဆိုမှုများသည့် ဗွီဒီယို၊ သီချင်းထုတ်လွှင့်မှု၊ ရှာဖွေမှုများ၊ မိတ်ဖွဲ့ချိတ်ဆက်ခြင်းများ၊ စကားဝိုင်းများ၊ စကားပြောခန်းများ၊ အီးမေးလ် နှင့် မှတ်ချက်များတင်ခြင်း စသည့် ထုတ်လွှင့်မှုဆိုင်ရာ အနေအထားများပေါ်တွင် မူတည်၍ စီစဉ်သွားမည်ဖြစ်ပါသည်။
၂.၂။ HlwintLive Community မှစီစဉ်တင်ဆက်သည့် အချို့သော Web Services များသည် အခကြေးငွေ ပေးဆောင်ရန် လိုအပ်မည် ဖြစ်ပါသည်။ အခပေး ဝန်ဆောင်မှုများအား အသုံးပြုမည့် User သည် သက်ဆိုင်သည့် အခကြေးငွေအား HlwintLive Community အားပေးဆောင်ရမည်ဖြစ်ပါသည်။ အခပေး Web Services များအတွက် User ထံသို့ ပြည့်စုံရှင်းလင်းသည့် ကြိုတင်အကြောင်းကြားမှုများအား HlwintLive Community မှထုတ်ပြန်သွားမည် ဖြစ်ပါသည်။ ထို အခပေး Web Services များအား သက်ဆိုင်သည့် အခကြေးငွေ ပေးချေပြီးကြောင်း အတည်ပြုပြီးမှသာ User သည် ဝန်ဆောင်မှုများအာား ဝင်ရောက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ဤအခပေး Web Services များအား User မှ သက်ဆိုင်သည့် အခကြေးငွေကို မပေးချေရန် ရွေးချယ်ပါက HlwintLive Community မှ ထိုအခပေး Web Services များအား User ထံသို့ စီစဉ်ပေးခြင်းအား ရုတ်သိမ်းပိုင်ခွင့် ရှိသည်ကို User မှ အသိအမှတ်ပြုလက်ခံရမည် ဖြစ်ပါသည်။
၂.၃။Web Services များနှင့် စပ်လျဉ်း၍ ငွေကြေးပေးဆောင်မှုများ ဆောင်ရွက်ကြရာတွင် ဤသဘောတူညီချက်၌ ပါဝင်ရေးဆွဲထားသည့် သီးခြားမဟုတ်သော HlwintLive ၏ ငွေပေးချေမှု ပေါ်လစီ (နောက်ပိုင်းတွင် “HlwintLive Payments Policy” ဟူ၍ သုံးနှုန်းသွားပါမည်) အောက်တွင် သီးခြားဖော်ပြထားသည့် အတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဤ HlwintLive Payments Policy အား အောက်ဖော်ပြပါ လင့်ခ်တွင် ဝင်ရောက် ရယူကြည့်ရှု နိုင်ပါသည်။
http://www.HlwintLive.com/privacy_policy
၂.၄။ HlwintLive Community သည် သက်ဆိုင်ရာ Web Services များအား စီစဉ်ပေးခြင်းမျှသာ ဖြစ်၍ User သည် ဤသက်ဆိုင်ရာ Web Services များအား ရယူသုံးစွဲနိုင်ရန်အတွက် လိုအပ်သည့် ကိရိယာများ (ဥပမား။ ။ အင်တာနက် နှင့် ဆယ်လူလာကွန်ယက်များအား ချိတ်ဆက်ရာတွင် အသုံးပြုသည့် ကွန်ပျုတာပီစီ၊ ဆဲလ်ဖုန်း နှင့် အခြားကိရိယာများ) အား လက်ဝယ်၌ ကိုယ်ပိုင်ရှိထားရန် နှင့် ကုန်ကျလာမည့် ကုန်ကျစရိတ်များ (ဥပမာ။ ။ အင်တာနက်ချိတ်ဆက်မှု နှင့် ဆယ်လူလာကွန်ယက် အသုံးပြုမှုများအတွက် ပေးချေရသည့် အင်တာနက် အဖိုးအခ နှင့် တယ်လီဖုန်း အဖိုးအခများ) စသည်တို့အား အပြည့်အဝ တာဝန်ရှိမည်ဖြစ်ကြောင်းအား သိရှိနားလည်ပါသည်။
၃။ မွမ်းမံခြင်း၊ ဆိုင်းငံ့ခြင်း၊ အဆုံးသတ်ခြင်း (သို့မဟုတ်) ကန့်သတ်တားဆီးခြင်း
၃.၁။ Web Services များ၏ ပင်ကိုသဘာဝအား ထည့်သွင်းစဉ်းစားသည့်အနေဖြင့် ဤ Web Servicesများ (အခကြေးငွေပေးချေရသည့် ဝန်ဆောင်မှုများအပါအဝင်) ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အစိတ်အပိုင်းအားလုံးအား အချိန်မှန်အားဖြင့်သော်လည်းကော်ငး၊ မည်သည့်အချိန်၌တွင်မဆိုလည်းကောင်း မွမ်းမံရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် အဆုံးသတ်ရန် ကိစ္စများနှင့် ပတ်သက်၍ အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့်သည် HlwintLive Community ထံ၌ရှိပါသည်။ ဤ Web Services များသို့ User များ၏ ဝင်ရောက်မှုများအပေါ်တွင် တစ်စိတ်တစ်ပိုင်းအားဖြင့်သော်လည်းကောင်း၊ အစိတ်အပိုင်းအားလုံးကိုသော်လည်းကောင်း တားဆီးခြင်း သို့မဟုတ် ဤ Web Services များ၏ အချို့ အင်္ဂါရပ်များ၊ ဝန်ဆောင်မှုများအား ကန့်သတ်ခြင်းများပြုခြင်း စသည်တို့ကိုလည်း HlwintLive Community သည်ဆောင်ရွက်နိုင်ပါသည်။ အကယ်၍ ဤ မွမ်းမံပြီးဖြစ်သော၊ ဆိုင်းငံ့ပြီးဖြစ်သော၊ အဆုံးသတ်ပြီးဖြစ်သော သို့မဟုတ် တားဆီးပြီးဖြစ်သော ဝန်ဆောင်မှုသည် အခမဲ့ဝန်ဆောင်မှုများဖြစ်ပါက HlwintLive Community သည် User အား အသိပေးရန် တာဝန်ယူမည် မဟုတ်ဘဲ မည်သည့် တတိယအဖွဲ့အစည်းနှင့် User သို့မဆို မည်သို့သော ပုံစံနှင့်မျှ တာဝန် ရှိမည်မဟုတ်ပါ။အကယ်၍ မွမ်းမံပြီးဖြစ်သည့်၊ ဆိုင်းငံ့ပြီးဖြစ်သည့်(သို့မဟုတ်) အဆုံးသတ်ပြီးဖြစ်သည့် Web Services များသည် အခပေးဝန်ဆောင်မှုများဖြစ်လျှင် HlwintLive Community သည် User အား ကြိုတင်၍ အကြောင်းကြားသွားမည် ဖြစ်သည်။ ထို့ပြင် အခြားရွေးချယ်စရာနည်းလမ်းအဖြစ် တန်ဖိုးခြင်းညီမျှသော အခပေးဝန်ဆောင်မှုတစ်ခုနှင့် အစားထိုး စီစဉ်ပေးသွားမည် ဖြစ်သည်။
၃.၂။ HlwintLive Community သည် Web Services ပေးသော လမ်းကြောင်း (ဥပမာ။ ။ Website သို့မဟုတ် ဆယ်လူလာကွန်ယက် စသဖြင့်) နှင့် အခြားသက်ဆိုင်သည့် ပစ္စည်းကိရိယာများ ပေါ်တွင် စီစဉ်ထားသော (သို့မဟုတ်) မစီစဉ်ထားသော ပြင်ဆင်မှုများနှင့် ထိန်းသိမ်းမှုများအား ဆောင်ရွက်ရန်လိုအပ်သည်ကို User သည်နားလည်ပါသည်။
အကယ်၍ ထိုသို့သောအခြေအနေများသည် အခပေး Web Services များအပေါ် သင့်တော်သည့် အချိန်ပိုင်းတစ်ခုအတွင်း တုံ့ဆိုင်းမှုတစ်ခုခု ဖြစ်ပေါ်စေလျှင် HlwintLive Community သည် User နှင့် မည်သည့် တတိယအဖွဲ့အစည်းများသို့ မဆို မည်သည့် တာဝန်ခံမှု၊တာဝန်ယူမှုမျိုးမှပြုမည် မဟုတ်ပါ။ သို့သော်လည်း HlwintLive Community သည် ကြိုတင်အသိပေး အကြောင်းကြားမှုများအား များနိုင်သမျှများများ စီစဉ်သွားမည် ဖြစ်ပါသည်။
၃.၃။ အကယ်၍ အောက်ဖော်ပြပါ အဖြစ်အပျက်များထဲမှ တစ်ခုခုဖြစ်ပွားသည်ကိုတွေ့ရှိခဲ့သော် မည်သည့် တတိယအဖွဲ့အစည်းနှင့် User ထံသို့မှ မည်သို့သော တာဝန်ယူမှု၊တာဝန်ခံမှုမျိုးကိုမဆို ပြုလုပ်မည် မဟုတ်ပါ။ မည်သည့်အချိန်၌မဆို ဤသဘောတူညီချက်အောက်တွင် Web Services နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်အား ဆိုင်းငံ့မှု၊ အဆုံးသတ်မှု၊ တားဆီးမှု စသည်တို့အား လုပ်ဆောင်ခွင့်ရှိသည်။
၃.၃.၁။ User ထည့်သွင်းသည့် ပုဂ္ဂိုလ်ရေး အချက်အလက်သည် အမှားဖြစ်နေခြင်း။
၃.၃.၂။ ဤသဘောတူညီချက်အတွင်း ပြဌာန်းထားသည့် အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များအား User မှ ချိုးဖောက်ခြင်း။
၃.၃.၃။ အခပေး Web Services များအား အသုံးပြုနေစဉ်အတွင်း သက်ဆိုင်သည့် ဝန်ဆောင်ခများအား ဖုံးကွယ်လိမ်ညာရန် ပြဌာန်းထားသည့်အတိုင်း HlwintLive Community သို့ ငွေပေးချေမှု မပြုလုပ်ခြင်း။
၃.၃.၄။ အကယ်၍ Web Services အား အသုံးပြုရန် မှာယူသည့်အချိန်အပိုင်းအခြား (နောက်ပိုင်းတွင် “Subscription Period” ဟူ၍ သုံးနှုန်းသွားပါမည်) ၏ သက်တမ်းကုန်ဆုံးမှုအရ User ၏ မှတ်ပုံတင်ထားသည့် အခမဲ့ Web Services နှင့်ဆိုင်သော User Account သည် ရက်ပေါင်း ၉၀ ဆက်တိုက် အလုပ်မလုပ်ခဲ့သည်ရှိသော် (သို့မဟုတ်) User ၏ မှတ်ပုံတင်ထားသည့် အခပေး Web Services နှင့်ဆိုင်သော User Account သည် ရက်ပေါင်း ၁၈၀ ဆက်တိုက် အလုပ်မလုပ်ခဲ့သည်ရှိသော် HlwintLive Community သည် User Account အား ပယ်ဖျက်ရန်နှင့် User ထံသို့ သက်ဆိုင်သည့် Web Services ဆိုင်ရာ ထောက်ပံ့မှုအား ရပ်တန့်ခြင်း စသည်တို့အား ဆောင်ရွက်ခွင့် ရှိပါသည်။
၃.၃.၅။ အကယ်၍ User ၏ မှတ်ပုံတင်ထားသော User Account သည် နိုင်ငံတော်နှင့်ဆိုင်သော မူဝါဒများ၊ မည်သည့် ဥပဒေနှင့် တားမြစ်မှုများကိုမဆို ဖောက်ဖျက်လျှင် (သို့မဟုတ်) ထိုသို့ ဖောက်ဖျက်မှုများသည် မည်သည့် တတိယ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို၏ တရားဝင်အကျိုးစီးပွားများနှင့် အခွင့်အရေးများကို ထိပါးစေခြင်းများရှိလျှင် HlwintLive Community သည် User Account နာမည်အား ထိန်းသိမ်းခွင့် ရှိသည်။
၎။ အသုံးပြုမှုဆိုင်ရာ သတ်မှတ်ချက်များ
၎.၁။ HlwintLive Community ၏ Web Services များအား အသုံးပြုရန် လျှောက်ထားသောအခါ User သည် တိကျသော ကိုယ်ရေးကိုယ်တာ အချက်အလက်များအားထည့်သွင်းရန်လိုအပ်ပါသည်။ ထို့ပြင် အချက်အလက်ဆိုင်ရာ အပြောင်းအလဲများရှိလာလျှင်လည်း ချက်ချင်းအသစ်ပြန်လည်ပြုပြင်ရန်လိုအပ်သည်။ ထို့ပြင် HlwintLive Community မှတောင်းဆိုမှုများရှိလာသော် ထည့်သွင်းထားသော သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှုအား အတည်ပြုရန် အထောက်အထားများ စီစဉ်ပေးရန်လိုအပ်မည်ဖြစ်သည်။
၎.၂။ User သည် သူ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုရပါ။ User သည် သူ၏ User Account အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို ရှာဖွေတွေ့ရှိလျှင် HlwintLive Community ထံသို့ ချက်ချင်း အသိပေးရမည်ဖြစ်သည်။ အကယ်၍ User ၏ ပေါ့ဆမှုကြောင့် User Account နှင့် Password အား အခြားသူများ၏ တရားမဝင်အသုံးပြုမှုများ ပေါ်ပေါက်ခဲ့သည် ရှိသော်(သို့မဟုတ်) တိုက်ခိုက်ခံရသည်ရှိသော် HlwintLive Community အနေနှင့် မည်သည့်ပုံစံမျိုးနှင့်မှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများ ပြုမည် မဟုတ်ပါ။
၎.၃။ HlwintLive Community သည် Web Services များအား စီစဉ်ဆောင်ရွက်ပေးနေ သောအခါများ၌ စီးပွားရေးဆိုင်ရာ ကြော်ငြာများနှင့် အခြား စီးပွားရေးသတင်း အမျိုးအစားများအား မည်သည့်ပုံစံနှင့်မဆို ( HlwintLive Website ၏ မည်သည့်စာမျက်နှာ၌ ကြော်ငြာတင်မည်ဆိုသည့်အချက်လည်း အပါအဝင် ဖြစ်သည်။) ထည့်သွင်း ကြော်ငြာနိုင်သည် ကို User သည်သိရှိ လက်ခံသဘောတူညီပါသည်။ User သည် အီးမေးလ် သို့မဟုတ် အခြားနည်းလမ်းများဖြင့် HlwintLive Community ထံမှ ကြော်ငြာများ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များအား ပေးပို့မှုကိုလည်း လက်ခံရန် သဘောတူညီပါသည်။
၎.၄။ HlwintLive Community Website ၏ အများသူငှာ ဝင်ရောက်ကြည့်ရှုနိုင်သော နေရာများ ၌ HlwintLive Community ၏ Web Services များမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခြင်းများ(သို့မဟုတ်)အခြားတင်ဆက်မှုများအား အသုံးပြုခြင်း၊ တင်ခြင်း တို့ကိုဆောင်ရွက်ခြင်းအားဖြင့် User သည် HlwintLive Community အား ထိုတင်ဆက်ရေးသားထုတ်လွှင့်ချက်များအပေါ် လွတ်လပ်မှုရှိစွာ၊ အမြဲတမ်း၊ ပုံသေ၊ အထူးမဟုတ်သော၊ တစ်ဆင့်နိမ့် ခွင့်ပြုချက် အပြည့်အဝချပေးနိုင်ခွင့်နှင့် ခွင့်ပြုချက်တို့အား မည်သည့် အချိန်၊ မည်သည့် အပိုင်းကဏ္ဍ၌သာ စသဖြင့်ကန့်သတ်ထားခြင်းများ မရှိဘဲ ဆောင်ရွက်ရန် ခွင့်ပြုပေးသည်။ ထို့အပြင် လျော်ကြေး နှင့်/သို့မဟုတ် မည်သည့် ခွင့်ပြုချက်မျှမလိုအပ်ဘဲ ထိုတင်ဆက်ရေးသားထုတ်လွှင့်ချက်များအား အသုံးပြုရန်၊ ကူးရန်၊ မွမ်းမံရန်၊ လိုက်ဖက်အောင်ပြင်ဆင်ရန်၊ အများပြည်သူအား အသိပေးရန်၊ ဘာသာပြန်ရန်၊ တည်းဖြတ်ရန်၊ နေရာချရန်၊ ဖြန့်ဖြူးရန်၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း/တစ်ခုလုံးသော်လည်းကောင်း အများမျက်ရှေ့ချပြရန်နှင့်/သို့မဟုတ် ထိုတင်ဆက်ရေးသားထုတ်လွှင့်ချက်များအား အလုပ်၊ မီဒီယာ သို့မဟုတ် နည်းပညာများ၏ လက်ရှိဖြစ်တည်ဆဲပုံစံ၊ ဖြစ်လာမည့်ပုံစံများဖြင့် ဖြည့်သွင်းထားရန် ခွင့်ပြုပေးသည်။
၎.၅။ HlwintLive Community ၏ Web Services များအား အသုံးပြုနေစဉ်တွင် User သည်အောက်ပါအချက်များအား ရှောင်ကြဉ်မည် ဖြစ်ပါသည်။
၎.၅.၁။ User သည် မြန်မာနိုင်ငံတွင်ရှိသည့် သက်ဆိုင်သည့် ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအားလုံးအား လိုက်နာမည်ဖြစ်သည်။
၎.၅.၂။ User သည် Web Services များနှင့် စပ်ဆိုင်သည့် အားလုံးသော သဘောတူညီချက်များ၊ ထုတ်ပြန်ချက်များ နှင့် လုပ်ငန်းစဉ်များအား လိုက်နာမည် ဖြစ်ပါသည်။
၎.၅.၃။ User သည် တည်ဆဲဖြစ်သော ဥပဒေများ၊ လူမှုရေးကျင့်ဝတ်များ နှင့် လူထုဆက်ဆံရေး မူဝါဒများ အပေါ် ဆန့်ကျင်သော တရားမဝင်သည့် မည်သည့် ရည်ရွယ်ချက်များအတွက်မဆို Web Services အား အသုံးပြုမည်မဟုတ်ပါ။
၎.၅.၄။ HlwintLive Community ၏ ဖော်ပြရန် ခွင့်ပြုချက်မရှိဘဲ စီးပွားရေးနှင့်ဆိုင်သော ကြော်ငြာများအား တင်ရှိခြင်းများ အပါအဝင် HlwintLive Community ၏ စီးပွားရေးနှင့်ဆိုင်သော အကျိုးစီးပွားများအပေါ်တွင် ထိပါးချိုးဖောက်သည့် မည်သည့်သော ပုံစံကိုမှ User သည် မပြုပါ။
၎.၅.၅။ User သည် HlwintLive Community ၏ Web Service စနစ်အား အသုံးပြုရာတွင် အင်တာနက် သို့မဟုတ် ဆယ်လူလာကွန်ယက်၏ ပုံမှန် လည်ပတ်မှုအား ဆိုးဆိုးဝါးဝါး ထိခိုက်ခြင်းရှိစေမည့် အသုံးပြုမျိုးမှ ရှောင်ကြဉ်ပါမည်။
၎.၅.၆။ မနှစ်မြို့ဖွယ် အကြောင်းအရာများတင်ဆက်ခြင်းကို လက်ခံမည်မဟုတ်ပါ။ User သည် HlwintLive Community မှ စီစဉ်သော Web Services များအား အသုံးပြု၍ မည်သည့်မှားယွင်းသော၊ အနှောက်အယှက်ပေးသော၊ ထိခိုက်နစ်နာစေသော၊ ရိုင်းစိုင်းကြမ်းတမ်းသော၊ စိတ်အနှောက်အယှက်ဖြစ်စေသော၊ ခြိမ်းခြောက်ရာရောက်သော၊ အရှက်အကြောက်သိက္ခာ ကင်းမဲ့သော သို့မဟုတ် မနှစ်မြို့ဖွယ်ဖြစ်သော သတင်းပေးပို့ချက်များနှင့် အချက်အလက်များ၊ အခြားတရားမဝင်သည့် သတင်းပေးပို့ချက်နှင့် အချက်အလက်များအား တင်ခြင်း၊ ဖော်ပြခြင်း၊ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်မှု မပြုပါ။
၎.၅.၇။ User သည် မည်သည့် မှတ်ပုံတင်မူပိုင်များ၊ မူပိုင်ခွင့်များ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ နာမည်ဂုဏ်သတင်းဆိုင်ရာ ရပိုင်ခွင့် (သို့မဟုတ်) အခြားမည်သို့သော တရားဝင် ရပိုင်ခွင့်များ နှင့် မည်သည့် တတိယ အဖွဲ့အစည်း၏ အကျိုးစီးပွားများ အပေါ်တွင် စည်းမျဉ်းချိုးဖောက်ခြင်းများ မပြုပါ။
၎.၅.၈။ User သည် HlwintLive Community ၏ Web Services စနစ်အား Hlwintlive ၏ အကျိုးစီးပွားများအပေါ် ထိခိုက်နစ်နာစေသော ပြောဆိုပြုမူဆောင်ရွက်ခြင်းများ မပြုပါ။
၎.၆။ HlwintLive Community သည် User ၏ HlwintLive Community Web Services များအသုံးပြုခြင်း ( HlwintLive Community Website ပေါ်တွင် User သိမ်းဆည်းထားသော Content အား ပြန်လည်ဆန်းစစ်ခြင်း အပါအဝင်) အပေါ် ပြန်လည်ဆန်းစစ်ခြင်း၊ စောင့်ကြည့်မှတ်သားစစ်ဆေးခြင်းများအား ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ HlwintLive Community ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အရ User သည် အထက်တွင်ဖော်ပြခဲ့ပြီးသော ထုတ်ပြန်ချက်များအား ချိုးဖောက်သည်ဟူ၍ အကျိုးသင့်အကြောင်းသင့် ယူဆသည် ရှိသော် HlwintLive Community သို့မဟုတ် HlwintLive Community ၏ ခွင့်ပြုချက်ရရှိထားသော ကိုယ်စားလှယ်၌ User အား အခြေအနေကို ပြန်လည် ပြင်ဆင်ရန် (သို့မဟုတ်) User ၏ မည်သည့် ခွင့်ပြုချက်မျှ ရယူရန် မလိုအပ်ဘဲ User ၏ မသင့်တော်သော ဆောင်ရွက်မှုကြောင့် ဖြစ်လာနိုင်သည့် မကောင်းသော အကျိုးဆက်သက်ရောက်မှုအား လျော့ပါးစေရန် လိုအပ်သည့် နှိုင်းဆချင့်ချိန်ပြုပြင်ဆောင်ရွက်မှုများ ( User တင်ခဲ့သော Content အား မွမ်းမံခြင်း/ပယ်ဖျက်ခြင်း နှင့် User ၏ Web Services အသုံးပြုခွင့်များအား ဆိုင်းငံ့ခြင်း၊ အဆုံးသတ်ခြင်း များဆောင်ရွက်ရန် အပါအဝင်ဖြစ်သည်) အား တိုက်ရိုက် ဆောင်ရွက်နိုင်သည်။
၎.၇။ အမျိုးမျိုးသောနည်းလမ်းများ(ဝက်ဘ်စာမျက်နှာ ကြေငြာချက်များ၊ အီးမေးလ် နှင့် SMS အသိပေးချက်များ အပါအဝင်ဖြစ်သည်) ဖြင့်ထုတ်ပြန်သည့် HlwintLive Community ၏ Web Services အားအသုံးပြုမှုနှင့်စပ်လျဉ်းသည့် မည်သို့သော မသက်ဆိုင်ကြောင်းရှင်းလင်းချက်များ၊ အကြောင်းကြားချက်များ သို့မဟုတ် သတိပေးချက်များအား ဤသဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် မှတ်ယူမည်ဖြစ်သည်။ ထိုသို့သော Web Services အသုံးပြုမှုများအား မသက်ဆိုင်ကြောင်းရှင်းလင်းချက်များ၊ အကြောင်းကြားချက်များ၊ သတိပေးချက်များနှင့်သက်ဆိုင်သည့် Content များအပေါ် User ၏လက်ခံသဘောတူညီသော အတည်ပြုချက်အဖြစ် မှတ်ယူမည်ဖြစ်သည်။
၎.၈။ HlwintLive Community သည် User အား ကုန်စည်/ဝန်ဆောင်မှုများ စီစဉ်ပေးရန်အတွက်User၏သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ကိုင်တွယ်ရာတွင် ယုံကြည်ရသော ဝန်ထမ်းများကို User နှင့်ဆိုင်သော သတင်းအချက်အလက်များအား ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ခြင်းများပြုမည်ဖြစ်သည်။
၅။ ဉာဏပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှု အခွင့်အရေးများ
၅.၁။ HlwintLive Community မှ စီစဉ်သော Web Services များ၌ပါဝင်သည့် စာသားများ၊ အချက်အလက်များ၊ ရုပ်ပုံများ၊ ဂရပ်ဖစ်များ၊ အသံများ နှင့်/သို့မဟုတ် ဗွီဒီယို သတင်းအချက်အလက်များ နှင့် အခြားသော အချက်အလက်ကုန်ကြမ်းများသည် HlwintLive Community ၏ ပိုင်ဆိုင်မှုများဖြစ်ပြီး ထိုပိုင်ဆိုင်မှုများအား မူပိုင်ခွင့်၊ ကုန်ပစ္စည်းအမှတ်တံဆိပ် နှင့်/သို့မဟုတ် အခြားသော ပိုင်ဆိုင်မှု အခွင့်အရေးဆိုင်ရာ ဥပဒေများဖြင့် ကာကွယ်ထားပါသည်။ ဤသဘောတူညီချက်၌ မည်သည့်အချက်ကိုမျှ User အား မည်သည့် ဉာဏပစ္စည်းဆိုင်ရာ ပိုင်ဆိုင်မှုအခွင့်အရေးများကို မည်သည့် ခွင့်ပြုချက်များဖြင့် ပေးအပ်ထားသည်ဟူ၍ အဓိပ္ပာယ်ကောက်ယူမည် မဟုတ်ပါ။ User အား HlwintLive Community ၏ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်မပါရှိဘဲ ထိုဉာဏပစ္စည်းဆိုင်ရာ အချက်အလက်များနှင့် ဆက်နွယ်သည့် မိတ္တူကူးယူခြင်း၊ ပြသခြင်း၊ ဒေါင်းလုတ်ရယူခြင်း၊ မွမ်းမံခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း သို့မဟုတ် ဖန်တီးခြင်း စသော မည်သည့်ဆောင်ရွက်မှုများကိုမဆို နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထုတ်ဝေခြင်း၊ ဖျော်ဖြေခြင်း၊ ဖျော်ဖြေရန်နှင့် ဖြန့်ဝေရန်ရည်ရွယ်သည့် ပြန်လည်ရေးသားခြင်း သို့မဟုတ် ပြန်လည်ထုတ်ဝေခြင်းများ၊ သို့မဟုတ် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းများ စသည်တို့ကို တားမြစ်ထားပါသည်။ ထိုကဲ့သို့သော ဉာဏပစ္စည်းဆိုင်ရာ အချက်အလက်များ၏ အလုံးစုံ သို့မဟုတ် မည်သည့်အစိတ်အပိုင်းမဆို ပုဂ္ဂလိကနှင့် စီးပွားရေးအတွက်မဟုတ်သော အသုံးပြုမှုအတွက် ကွန်ပြူတာတစ်လုံးပေါ်၌ သိမ်းဆည်းထားနိုင်ပါသည်။ Web Services များ၏ ပင်ကိုသဘောသဘာဝအရ နောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်သော Web Services အသုံးပြုခြင်းကြောင့် User တွေ့ကြုံရသည့် မည်သည့် ဆုံးရှုံးမှု(သို့မဟုတ်)ထိခိုက်နစ်နာမှုများ သို့မဟုတ် အထက်တွင် ဆိုခဲ့ပြီးသော ဉာဏပစ္စည်းဆိုင်ရာသတင်းအချက်အလက်များ နှင့် စပ်လျဉ်းသည့် ထုတ်လုပ်ခြင်း၊ ဆောင်ရွက်ခြင်း၊ထုတ်လွှင့်ခြင်း၊ လွှဲပြောင်းခြင်း(သို့မဟုတ်)ဖြည့်သွင်းခြင်း၊ ဆက်သွယ်ရေးလိုင်းများ ကျခြင်း၊ အားလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ခိုးယူခံရခြင်း (သို့မဟုတ်)ဖျက်ဆီးခံရခြင်းများမှ ကြန့်ကြာမှုများ၊ မတိကျမှုများ၊ မှားယွင်းမှုများ သို့မဟုတ် ထိမ်ချန်ခြင်းများ၊ အနှောက်အယှက်၊ အပြစ်အနာအဆာများ ဖြစ်ပွားခြင်း စသည်တို့အတွက် User ဆီသို့ သို့မဟုတ် မည်သည့် တတိယအဖွဲ့အစည်းဆီသို့ မည်သည့်လျော်ကြေး/နစ်နာကြေးများအား မည်သည့်ပုံစံဖြင့်ပေးချေခြင်းများကိုမဆို သို့တည်းမဟုတ် အဆိုပါ မတိကျမှုများ၊ မှားယွင်းမှုများ၊ ထိမ်ချန်မှုများ (သို့မဟုတ်) Web Services များသို့ ခွင့်ပြုချက်မရှိသည့် ဝင်ရောက်မှုများ ကြောင့်ဖြစ်ပွားသည့် မည်သို့သော ဆုံးရှုံးမှုများ၊ထိခိုက်မှုများအတွက်ကိုမဆို HlwintLive Community သည် မည်သည့် တာဝန်ခံခြင်း၊ တာဝန်ယူခြင်းကိုမျှပြုမည် မဟုတ်ပါ။
၅.၂။ HlwintLive Community မှအသုံးပြုသည့် Web Services များအားထောက်ပံ့သည့် အခြား တတိယအဖွဲ့အစည်းများ ပိုင်ဆိုင်သည့် မည်သည့် အပျော့ထည်(နောက်ပိုင်းတွင် “Software” ဟူ၍ သုံးနှုန်းသွားပါမည်) (မည်သည့် ပုံရိပ်များ၊ ဓာတ်ပုံများ၊ ကာတွန်းများ၊ ဗွီဒီယို သိမ်းဆည်းခြင်းများ၊ အသံသိမ်းဆည်းခြင်းများ၊ သီချင်း၊ စာသား၊ ထပ်ဖြည့် အစီအစဉ်များ နှင့် နောက်ဆက်တွဲ အချက်အလက်ကုန်ကြမ်းများ အပါအဝင်ဖြစ်သည်) နှင့်မဆို သက်ဆိုင်သည့် ဉာဏပစ္စည်းပိုင်ဆိုင်မှု အခွင့်အရေးများ၊ ထိုကဲ့သို့သော သက်ဆိုင်ရာ မူပိုင်ခွင့်ကိုင်ဆောင်သူ တတိယအဖွဲ့အစည်းပိုင်ဆိုင်သည့် Web Services ဆိုင်ရာ အထောက်အပံ့ Software များအား မူပိုင်ခွင့်ကိုင်ဆောင်သူ၏ ကြိုတင် ခွင့်ပြုချက်မရှိဘဲ User သည် Software အား ပြန်လည်တည်ဆောက်ပြင်ဆင်မှုများ၊ ပြုပြင်ရေးသားခြင်းများ ဆောင်ရွက်ခွင့်မရှိပါ။
၅.၃။ တိုက်ရိုက် တင်ဆက်မှုအား စီစဉ်ပေးခြင်းဖြင့်သော်လည်းကောင်း သို့မဟုတ် ဖိုင်များ၊ ဓာတ်ပုံများ၊ ချိတ်ဆက်မှုလင့်ခ်များ၊ စာသားများ နှင့် ပုံများ အပါအဝင် အခြား တင်ဆက်မှုများ တင်ခြင်း အားဖြင့်သော်လည်းကောင်း User သည် HlwintLive Community (Web Services အသုံးပြုသည့် အခြားသူများအားလုံး အပါအဝင် ) အား UCG အားအသုံးပြုရန် သို့မဟုတ် အများသိအောင် ကြေငြာခြင်း၊ ဖော်ပြခြင်း၊ ပြင်ဆင်မွမ်းမံခြင်း နှင့် တစ်ခြားဆက်နွယ်သည့် ဆောင်ရွက်မှုများ အပါအဝင် မည်သည့် ရည်ရွယ်ချက်အတွက်မဆို အခြားသော တင်ဆက်မှုနှင့် ပြီးတော့ ၎င်းတို့၏ ရွေးချယ်မှုနှင့် စီမံမှု စသည့် မပြောင်းလဲသော သီးသန့်မဟုတ်သည့် စာမူလွတ်လပ်ခွင့် အခွင့်အရေးများက ပေးရန်သဘောတူသည်။
၆။ အချက်အလက်လုံခြုံရေးဆိုင်ရာ ကာကွယ်မှု
၆.၁။ User ၏ တစ်ကိုယ်ရည်အချက်အလက် လုံခြုံရေးဆိုင်ရာ ကာကွယ်မှု သည် HlwintLive Community ၏ အခြေခံကျသော ပေါ်လစီ တစ်ခုဖြစ်သည်။ HlwintLive Community သည် Web Services အားအသုံးပြုနေစဉ်အတွင်း HlwintLive Community ၌ သိမ်းဆည်းထားသော အများတကာမျက်မှောက်ရှေ့ချမပြလိုသော အကြောင်းအရာများ သို့တည်းမဟုတ် User တစ်ဦးချင်းစီ ၏ မှတ်ပုံတင်ထားသော သတင်းအချက်အလက်များအား အများပြည်သူရှေ့မှောက်သို့ ဖော်ပြခြင်း (သို့မဟုတ်) တတိယအဖွဲ့အစည်းတစ်ခုခုသို့ စီစဉ်ပေးအပ်ခြင်း စသည်တို့အား ဆောင်ရွက်မည် မဟုတ်ကြောင်း အာမခံပါသည်။ သို့သော်လည်း အောက်ဖော်ပြပါ အခြေအနေများသည် ခြွင်းချက်ဖြစ်သည်။
၆.၁.၁။ ဖော်ပြခွင့်အား User ထံမှ ကြိုတင် ရရှိသောအခါ။
၆.၁.၂။ သက်ဆိုင်သည့် ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များအရ လိုအပ်သောအခါ။
၆.၁.၃။ အစိုးရ၏ သက်ဆိုင်သည့် အခွင့်အာဏာ လုပ်ပိုင်ခွင့်များအရ လိုအပ်သောအခါ။
၆.၁.၄။ အများပြည်သူတို့၏ အကျိုးစီးပွားလုံခြုံရေးအတွက် လိုအပ်သောအခါ။
၆.၁.၅။ HlwintLive Community ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများဆိုင်ရာ လုံခြုံရေးအတွက် လိုအပ်သောအခါ။
၆.၂။ HlwintLive Community သည် User များသို့ သက်ဆိုင်သည့် Web Services များအား စီစဉ်ပေးရန် တတိယအဖွဲ့အစည်း တစ်ခုခုနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် HlwintLive Community နည်းတူ User ၏ တစ်ကိုယ်ရည်အချက်အလက်လုံခြုံရေးအား ဆောင်ရွက်ပေးရန် တာဝန်ခံမှု၊ တာဝန်ယူမှုပြုရန် တတိယအဖွဲ့အစည်း အနေနှင့် သဘောတူညီပါက HlwintLive Communtiy သည် User ၏ မှတ်ပုံတင်ထားသော သတင်းအချက်အလက်များအား ထိုတတိယအဖွဲ့အစည်းထံသို့ မျှဝေရန် အခွင့်အရေးရှိသည်။
၆.၃။ User တစ်ဦးချင်းစီတို့၏ ပုဂ္ဂလိက သတင်းအချက်အလက်များအား အများရှေ့မှောက် ထုတ်ဖော်ပြသခြင်းမရှိသော အခြေအနေအောက်တွင် HlwintLive Community သည် User တစ်ဦးချင်းစီတို့၏ အချက်အလက်အားလုံးအား ချင့်ချိန်ဆန်းစစ်ရန်နှင့် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုရန် အခွင့်အရေးရှိသည်။
၆.၄။ ဤသဘောတူညီချက်အောက်၌ စီမံပါရှိသည့် စည်းကမ်းချက်များနှင့်အညီ Web Services များအားအသုံးပြုမှုမှ တစ်ဆင့် User သည်သူ၏ မည်သည့်တစ်ကိုယ်ရည် သတင်းအချက်အလက်များအားမဆို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း ပေးနေသည်ကို ကိုယ်တိုင်အသိအမှတ်ပြု သဘောတူညီပါသည်။ ဤစာပိုဒ်၏ ရည်ရွယ်ချက်များအတွက် User သည် User ၏ တစ်ကိုယ်ရည်သတင်းအချက်အလက်များအား HlwintLive Community မှအသုံးပြုမှုနှင့် ပတ်သက်ပြီး သဘောတူလိုက်လျောပါသည်။ အဆိုပါအချက်အား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအောက်တွင်ရှိသော ပြဌာန်းချက်များနှင့်ကိုက်ညီသည့် သဘောတူညီချက်အဖြစ် မှတ်ယူမည်ဖြစ်ပါသည်။
၆.၅။ HlwintLive Community ၏ အချက်အလက် လုံခြုံရေး ကာကွယ်မှုအား HlwintLive အချက်အလက် လုံခြုံရေးဆိုင်ရာ ပေါ်လစီ အောက်တွင် သီခြားဖော်ပြထားပါသည်။ ဤသဘောတူညီချက်၏ သီးခြားမဟုတ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ်ရေးဆွဲထားသော HlwintLive Privacy Policy အား အောက်ဖော်ပြပါ လင့်ခ် သို့ဝင်ရောက်ခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။
http://www.HlwintLive.com/privacy_policy
၇. ငြင်းဆိုချက်များ
၇.၁။ User သည် HlwintLive Community ၏ Web Services များအား အသုံးပြုခြင်းဖြင့် တွေ့ကြုံလာနိုင်သည့် မည်သည့် ဘေးအန္တရာယ်များအတွက်မဆို User ကိုယ်တိုင်၌ အပြည့်အဝ တာဝန်ရှိသည်ကိုသဘောတူညီပါသည်။ HlwintLive Community ၏ Web Services များအား အသုံးပြုခြင်းမှနေ၍ ဖြစ်ပေါ်လာသော မည်ကဲ့သို့သော အကောင်းအဆိုး အကျိုးကွင်းဆက်များအားလုံးမဆို User အပေါ်၌သာ တာဝန်ရှိပြီး HlwintLive Communtiy သည် User အပေါ်တွင် မည်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုမှ ရှိမည်မဟုတ်ပါ။
၇.၂။ HlwintLive Community သည် မည်သို့သော အခြေအနေမျိုးတွင်မှ Web Services များသည် User ၏လိုအပ်ချက်များနှင့် ကျေနပ်ကိုက်ညီစေလိမ့်မည်ဟု အာမခံခြင်း မရှိပါ (သို့မဟုတ်) Web Services များသည် ကြားဖြတ်နှောက်ယှက်မှုများ ကြုံရလိမ့်မည် မဟုတ်ဟူ၍လည်း အာမခံခြင်းမရှိပါ။ Web Services များ၏ အချိန်ကိုက်ညီမှု၊ လုံခြုံမှု နှင့် တိကျမှု များကိုလည်း အာမခံခြင်း မပြုပါ။ HlwintLive Community မှ Web Services များအား အဖြစ်သဘောသက်သက် ပုံစံ ( “As Is” basis ) ဖြင့်သာ စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းကို User သည် သိရှိနားလည် သဘောတူလက်ခံပါသည်။ HlwintLive Communtiy သည် Web Services များ စီစဉ်ခြင်း၊ ဆောင်ရွက်ခြင်း (သို့မဟုတ်) ထိုသို့ စီစဉ်ခြင်း၊ ဆောင်ရွက်ခြင်း၏ မည်သည့် အပိုင်းကဏ္ဍနှင့် ပတ်သက်သည့် မည်သို့သော အဓိပ္ပာယ်သက်ဝင်မှုမျိုး၊ ရှင်းလင်းဖော်ပြချက်မျိုးကိုမှ ကိုယ်စားပြုမှုများ (သို့မဟုတ်) အာမခံမှုများ မပြုပါ။ HlwintLive Communtiy သည Web Services များ၏ အရည်အသွေး၊ အချိန်မှန်မှု၊ တိကျမှု (သို့မဟုတ်) ပီးပြည့်စုံမှု စသည်တို့အတွက် တာဝန်ရှိမည် မဟုတ်သလို User ၏ အဆိုပါ Web Services များအား အသုံးပြုခြင်းများမှ ပေါ်ပေါက်လာနိုင်သည့် မည်သို့သော အကျိုးဆက်များမဆိုအတွက် တာဝန်ယူမည် မဟုတ်ပါ။
၇.၃။ HlwintLive Community သည် Web Services အားအသုံးပြုခြင်းဖြင့် ဝင်ရောက်နိုင်မည့် မည်သည့် ပြင်ပ ချိတ်ဆက်မှုလမ်းကြောင်းများ (နောက်ပိုင်းတွင် “Links” ဟူ၍သုံးနှုန်းသွားပါမည်) နှင့်/သို့မဟုတ် User ၏ အဆင်ပြေချောမွေ့မှုအတွက် ချပေးထားပြီးသော မည်သည့် ပြင်ပ Links များနှင့် ပတ်သက်၍မဆို တိကျမှု နှင့် ပြည်စုံမှုတို့အား အာမခံမည် မဟုတ်ပါ။ HlwintLive Community သည် Links ချိတ်ဆက်ထားသော မည်သည့် Site ၏ အကြောင်းအရာများ အတွက်မဆို သို့မဟုတ် Links ချိတ်ဆက်ထားသော Site တစ်ခု၌ ပါဝင်သည့် မည်သည့် Links အတွက်မဆို တာဝန်ယူမည် မဟုတ်သလို User မှ Web Services အား အသုံးပြုရာတွင် ချိတ်ဆက်မှု၌ကြုံရသည့် မည်သို့သော ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများအတွက်မဆို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း တာဝန်ယူခြင်းပြုမည်မဟုတ်ပါ။ ၎င်းအပြင် HlwintLive Community သည် HlwintLive Community ၏ ထိန်းချုပ်မှုအောက်၌ မရှိသော ပြင်ပ Link တစ်ခုမှတစ်ဆင့် User ဝင်ရောက်သည့် မည်သည့် Web စာမျက်နှာမဆို၏ အကြောင်းအရာတင်ဆက်မှုများအတွက် မည်ကဲ့သို့သော တာဝန်ယူမှုမျိုးမှ ထမ်းဆောင်မည် မဟုတ်ပါ။
၇.၄။ အတင်းအကြပ်စေခိုင်းမှု အခြေအနေများ သို့မဟုတ် HlwintLive Community ၏ ထိန်းချုပ်မှုပြင်ပရှိ အရာများကြောင့် ဖြစ်ပွားသည့် Web Services ရှိ အနှောက်အယှက် ဖြစ်ပေါ်မှုများ သို့မဟုတ် မလုံလောက်မှုများအား HlwintLive Community သည် မည်သို့သော တာဝန်ယူခြင်းမျိုးမျှ ပြုမည် မဟုတ်ပါ။ သို့သော်ငြားလည်း HlwintLive Community သည် User အပေါ်၌ရှိသည့် သက်ရောက်မှုများနှင့် ဆုံးရှုံးမှုရလာဒ်များအား လျှော့ချရန် အကြောင်းသင့်အကျိုးသင့် ကိုင်တွယ်မှုများအား တတ်စွမ်းသရွေ့ ဆောင်ရွက်သွားမည် ဖြစ်သည်။
၇.၅။ HlwintLive Community မှဆောင်ရွက်ပေးသည့် အောက်ဖော်ပြပါ ကုန်စည်/ဝန်ဆောင်မှုများ၏ အရည်အသွေးပိုင်း၌ မလုံလောက်မှုများကြောင့် ဖြစ်ပေါ်လာသည့် မည်ကဲ့သို့သော ဆုံးရှုံးမှုများကိုမျှ HlwintLive Community သည်တာဝန်ယူမည် မဟုတ်သည်ကို User သည် သဘောတူညီပါသည်။
၇.၅.၁။ User ထံသို့ အခမဲ့စီစဉ်ပေးသည့် Web Services များ။
၇.၅.၂။ User ထံသို့ ပေးသော ပြည့်စုံသည့် မည်သို့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကိုမဆို။
၈. လျော်ကြေးပေးခြင်း
User သည် အခြား Users များ၏ အကျိုးစီးပွားများအား ကာကွယ်ရန်နှင့် ထိန်းသိမ်းရန် သဘောတူညီပါသည်။ အကယ်၍ သက်ဆိုင်သည့် ဥပဒေများနှင့် စည်းမျဉ်းသတ်မှတ်ချက်များ သို့မဟုတ် ဤသဘောတူညီချက်ပါ ပြဌာန်းချက်များအား User မှချိုးဖောက်လျှင် နှင့် HlwintLive Community (သို့မဟုတ်) အခြားမည်သည့် တတိယအဖွဲ့အစည်းမဆို ထံသို့ ထိခိုက်နစ်နာစေသည့် အကြောင်းကိစ္စများအား User မှ ဆောင်ရွက်ခြင်းပြုလျှင် အဆိုပါထိခိုက်နစ်နာ ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးဆောင်မှုအား အပြည့်အဝတာဝန်ရှိသည်ဟု User သည် သဘောတူညီပါသည်။
၉။ သဘောတူညီချက်ဆိုင်ရာ အပြောင်းအလဲများ
၉.၁။ ဤသဘောတူညီချက်ပါ မည်သည့် ပြဌာန်းချက်နှင့်ပတ်သက်၍မဆို ပြုပြင်ပြောင်းလဲမှုများအား ဆောင်ရွက်ရန် HlwintLive Community သည် မည်သည့်အချိန်၌မဆို ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။
ဤသဘောတူညီချက်ပါ အကြောင်းအရာများအား တစ်ကြိမ် မွမ်းမံပြီးသည့်အခါတိုင်း HlwintLive Community သည် အဆိုပါ မွမ်းမံပြီးသော သဘောတူညီချက်၏ အကြောင်းအရာများအား HlwintLive Community Website ပေါ်တွင် အများသိစေရန် ဖော်ပြမည်ဖြစ်ပါသည်။ ဤဖော်ပြချက်အား HlwintLive Community မှ Users များထံသို့ သက်ဆိုင်သည့် အပြောင်းအလဲများနှင့်ပတ်သက်၍ အသိပေးပြီးဖြစ်သည်ဟူ၍ မှတ်ယူပါမည်။ အပြောင်းအလဲများနှင့် ပတ်သက်၍ အသိပေးအကြောင်းကြားမှုများအား Users များထံသို့ အခြားသင့်တော်သော နည်းလမ်းများဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။
၉.၂။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်များနှင့် ပတ်သက်၍ HlwintLive Community မှ ဆောင်ရွက်သော အပြောင်းအလဲများအား User များအနေဖြင့် သဘောမတူညီပါက Web Services များ အသုံးပြုမှုအား ဆက်လက် မဆောင်ရွက်ရန် အခွင့်အရေးရှိပါသည်။ အကယ်၍ ဆက်လက်အသုံးပြုခဲ့သည်ရှိသော် အဆိုပါ အပြောင်းအလဲများအား User မှလက်ခံသည်ဟု မှတ်ယူမည် ဖြစ်သည်။
၁၀။ အသိပေးအကြောင်းကြားခြင်းများ ပို့ဆောင်ခြင်း
၁၀.၁။ ဤသဘောတူညီချက်ပါ သတ်မှတ်ချက်များအရ အားလုံးသော အသိပေးအကြောင်းကြားမှုများအား Users များထံသို့ HlwintLive Community မှ Webpage(ဝက်ဘ်စာမျက်နှာ)၌ ကြေငြာမှု၊ အီးမေးလ်မှ ကြေငြာမှု၊ သတင်းစာသားပေးပို့ခြင်း သို့မဟုတ် အကြောင်းအရာတစ်ခုတင်ခြင်း စသည့်နည်းနာများနှင့် ပို့ဆောင်နိုင်ပါသည်။ အဆိုပါ အသိပေးချက်များအား Users များထံသို့ စပို့ခဲ့သည့်နေ့တွင် Users များအနေနှင့် လက်ခံရရှိပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။
၁၀.၂။ User မှ HlwintLive Community သို့ အသိပေးအကြောင်းကြားချက်များသည် HlwintLive Community မှ တရားဝင်ထုတ်ပြန်ထားသည့် ဆက်သွယ်ရန် လိပ်စာ၊ ဖက်စ် နံပါတ်၊ အီးမေးလ် လိပ်စာ သို့မဟုတ် အခြားဆက်သွယ်ရန် အသေးစိတ်များ စသည့် လိပ်စာများထံသို့ ပေးပို့သင့်ပါသည်။
၁၁။ တရားဝင် စီရင်ပိုင်ခွင့်
ခုံသမာဓိဆိုင်ရာ စီရင်ဆုံးဖြတ်ချက်နှင့် ခုံသမာဓိလူကြီးမင်း နှင့်/သို့မဟုတ် ခုံသမာဓိရုံးမှ ထုတ်ပြန်သော အခြားသတင်းအချက်အလက်များနှင့် အားလုံးသော စာရွက်စာတမ်းများ၊ တရားစွဲဆိုခြင်းများနှင့်စပ်လျဉ်း၍ နှစ်ဖက်စလုံးမှ ဖြည့်သွင်းသည့် အခြားသော သတင်းအချက်အလက်များ နှင့် အားလုံးသော စာရွက်စာတမ်းများ၊ တရားစွဲဆိုခြင်းများဆောင်ရွက်နေစဉ်အတွင်း ပေးသည့် (သို့မဟုတ်) ပြုလုပ်သည့် အားလုံးသော ပြောဆိုရေးသားဖော်ပြချက်များ၊ တရားစွဲဆိုခြင်းများကိုယ်တိုင်၊ ကြားနာဆုံးဖြတ်ဆောင်ရွက်ချက်များ၏ ဖြစ်တည်မှု၊ ကန့်သတ်ချက်များမပါဝင်သည်များအပါအဝင်၊ ခုံသမာဓိကြားနာဆုံးဖြတ်စီရင်ချက်များ စသည်တို့နှင့်စပ်လျဉ်းသည့် အားလုံးသော သတင်းအချက်အလက်များအား လုပ်ဖော်ကိုင်ဖက်များသည် ထိန်းသိမ်းရမည်ဖြစ်သည်။ ဤဖော်ပြချက်များ၌ မည်သည့်အချက်မှ ပါဝင်သူ နှစ်ဖက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ဤ သဘောတူညီချက်အား ချိုးဖောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ရလာဒ်များအား ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်အတွက် ကြားဖြတ်အယူခံဝင်ရန် အခွင့်အရေးအား ကန့်သတ်ပိတ်ပင်ထားခြင်းများမရှိပါ။
၁၂။ အခြားသတ်မှတ်ချက်များ
၁၂.၁။ ဤသဘောတူညီချက်သည် လုပ်ဖော်ကိုင်ဖက်နှစ်ဖက်ကြားရှိ သဘောတူညီပြီးသော အချက်များနှင့် အခြား သက်ဆိုင်သည့် အကြောင်းကိစ္စများ၏ သဘောတူညီမှုတစ်ရပ်လုံးတွင် ပါဝင်သည်။ ဤသဘောတူညီချက်တွင် ပြဌာန်းထားသည့် အခွင့်အရေးများမှတစ်ပါး အခြားအခွင့်အရေးများအား မည်သည့်ဘက်တွင်မျှ ထည့်သွင်းထားခြင်းမရှိပါ။
၁၂.၂။ ဤသဘောတူညီချက်ရှိ မည်သည့် ပြဌာန်းချက်သည် မည်သည့် အကြောင်းပြချက်နှင့်မဆို၊ အားလုံးအနေနှင့်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းအနေနှင့်သော်လည်းကောင်း အကျိုးမသက်ရောက်လျှင် ဤသဘောတူညီချက်၏ လက်ကျန် ပြဌာန်းချက်များသည် ဆက်လက်အသက်ဝင်လျက်သက်ရောက်မှုရှိနေဦးမည်ဖြစ်သည်။
၁၂.၃။ ဤသဘောတူညီချက်တွင်ရှိသော ခေါင်းစီးများသည် အဆင်ပြေလွယ်ကူမှုများ ရှိစေရန်အတွက် ချမှတ်ထားခြင်းဖြစ်ပြီး သဘောတူညီချက်အား အဓိပ္ပာယ်ကောက်ယူမှုပြုရန်နှင့် မသက်ဆိုင်ပါ။
၁၂.၄။ သတိပေးချက်များ
HlwintLive Community သို့ အကြောင်းကြားချက်များ ပေးပို့လိုသည်ရှိသော် အောက်ဖော်ပြပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်။ support@HlwintLive.com